Q-သူ့ကိုသဘောကျတဲ့အချက်ရှိလား
A-ဟုတ်အများကြီးပါ။
-သူရဲ့စိတ်ထားလှတာရော
-ဟင်းချက်တတ်တာရော
-ကလေးတွေချစ်တတ်တာရော
-ယဉ်ကျေးတာရော
-ကိုယ့်အပေါ်ဂရုစိုက်တာရော
-အရာရာဆုံးဖြတ်နိုင်စွမ်းရှိတာရော
-ပိုက်ဆံသုံးစွဲတတ်တာရော..အများကြီးပါ။ပြောလို့မကုန်ဘူး။
Q-သဘောမကျတာရောရှိလား
-သဘောမကျတာကြီးကတော့ သီးသန့်မရှိပါဘူး
-Facebook password မပေးတာလည်း သဘောမကျတဲ့အထဲတော့မပါဘူးခင်ဗျာ့။သူ့ကိုယုံတာကိုး...😗အယုံလွယ်ပြီးသူများနောက်ပါသွားမှာလည်းစိုးတယ်ဗျ🙄ဒါပေမယ့် ခုထိတော့ချွင်းချက်မရှိယုံတယ်
Q-သူ့ကလေးတွေထဲမှာဘယ်သူတွေအချစ်ဆုံးလဲ
A-ခေး၊ဒေါ်မယ့်၊ကိုးလုံ ၊အရုပ် ၊သမီးလေးVV၊သဲ၊၀င်ဝင်၊ဟချီ၊rainအစဉ်လိုက်တိုင်းဗျ😁😁
ပြောဖို့ကျန်သေးတယ်။ကိုဗုံပက်လည်း ချစ်လာပြီ😁😁
Q-သူမွေးတဲ့အထဲမှာ မချစ်တဲ့ကလေးရောရှိလား
A-ha haနိုးပါ။မချစ်တဲ့ကလေးတော့မရှိပါဘူး
Q-သူသဘောကျတဲ့အချက်တွေရောမှတ်ထားလေ့ရှိလား
A-သီးသန့်မှတ်ထားလေ့တော့မရှိပါဘူး။ noteနဲ့မှတ်ထားတာတော့၁ခုရှိပါတယ်။တစ်ချို့သူကြိုက်တာလေးတွေတော့ တစ်ခါတည်းမှတ်လိုက်ပါတယ်
Q-သူ့ကိုဘာလို့ချစ်တာလဲ
A-အဲ့တာကတော့သူခနခနမေးနေကျမေးခွန်းဗျာ့ 😁
သူ့ကိုအမြဲပျော်ပျော်ရွှင်ရွှင်ပဲထားစေချင်တယ်။သူအဆင်ပြေနေရင်ကျေနပ်တယ်။သူပျော်ရွှင်ရင်ကိုယ်ပျော်ရသလိုပဲ။သူစိတ်ကောက်တဲ့အချိန်ကိုယ် စိတ်မကောင်းဖြစ်ရတယ်။ချစ်တယ်ဆိုတာအပြောထက်အပြုအမူလေးတွေနဲ့ရှင်းပြနိုင်ပါတယ်။ကိုယ်သူ့ကိုဘယ်လောက်ဂရုစိုက်လဲဆိုတာသူအသိဆုံးဖြစ်မှာပါ။သူ့ရဲ့အပြုံးလေးကိုလည်းချစ်တယ်။သူကိုယ့်အပေါ်ဂရုစိုက်တာလည်းချစ်တယ်။သူဘာပဲလုပ်နေလုပ်နေချစ်ဖို့ကောင်းနေတယ်။အမြဲသူ့အနားနေချင်တယ်။
Q-သူ့ကိုဘယ်လောက်ထိချစ်လဲ
A-အမေ့ကိုဘယ်လောက်ချစ်သလဲ မေးသလိုပါပဲ
သူ့ကိုလည်းပြောမပြတတ်အောင်ချစ်တယ်
Q-သူ့ကိုဘယ်ချိန်ထိချစ်သွားမလဲ
A-ဘယ်ချိန်ထိချစ်လည်းဆိုတာအချိန်တွေကစကားပြောသွားပါလိမ့်မယ်
I love you forever ☺
Q-အချစ်အတွက်အလိုအပ်ဆုံးကဘာလို့ထင်လဲ
A-လိုအပ်တာတွေကတော့ရှိမှာပေါ့လေ။ငွေကပဓာနမဟုတ်ပါဘူး။အဓိကကစိတ်ချမ်းသာမှုနဲ့ပျော်ရွှင်မှုပါပဲ ။သူကလည်းဘာလိုအပ်တယ်ညာလိုအပ်တယ်လို့တော့မထင်မိဘူးလေ။သူစိတ်ချမ်းသာသာနဲ့ပျော်ပျော်ရွှင်ရွှင်လေးပဲနေချင်တယ်
Q-အချစ်ကိုဘယ်လိုမြင်လဲ
A-သူများတွေကဘယ်လိုချစ်တာ ဘယ်လိုဂရုစိုက်တာ တွေကိုယ်မသိဘူး။ကိုယ်ကသူများမှမ ဟုတာ။သူများမချစ်ဘဲ ကိုယ့်ကိုချစ်တာလေ။ကိုကbabyကိုသူများတွေနဲ့မတူအောင်ချစ်တယ်။သူများတွေထက်ပိုဂရုစိုက်တယ်။သူများတွေနဲ့မတူအောင် ကို ကြိုးစားမယ်။သူမျှားတွေလိုလုပ်ပြမှချစ်တာမဟုတ်ဘူး။ကိုယ်သူ့အပေါ်ဘယ်လိုလုပ်ပေးနိုင်လဲမှချစ်တာခေါ်တာ
Q-သူပေးတဲ့nicknames ထဲမှာကြိုက်တဲ့nickname
A-ကိုကို ,baby ,ကိုကိုZi ,Zi Zi😍
No comments:
Post a Comment